Wednesday, October 14, 2009

ညီမျှခြင်း

အတိတ်ကို ပြန်လည်တူးဆွဖို့
ရုပ်ရှင်တကား
နောက်ပြန်ရစ်သလောက်တောင် မခက်ဘူး
ဒဏ်ရာ နက်နက် တခုသာလိုတာ

အတိတ်ကို အတိတ်မှန်း သိဖို့
အဖြူအမဲ ပြောင်းပြစရာမလိုဘူး
လက်ရှိအချိန်မှာလည်း
အရောင်တွေစုံနေတာမှ မဟုတ်ပဲ

တချို့ဘ၀တွေက
ခပ်ရင့်ရင့်
တချို့ဘ၀တွေက
နွမ်းဖျော့ဖျော့

ခက်ထန်ခြင်း
ကြမ်းတမ်းခြင်းတွေ ကြားမှာ
ဖျော့တော့တော့ အရောင်တွေ
ညိုမွဲ ပျောက်ကွယ်

ညီမျှခြင်းစာလုံးပေါင်း
ဒီလောက် ပေါင်းရခက်မှန်း
ငါခုမှ သိတော့တယ်

ဗညားရှိန်ကို တဂ်ကြွေးပေးမလို့ ရေးထားတဲ့စာ အကုန်ပြီးမှ လက်ကလိလိုက်တာနဲ့ ပျောက်သွားလို့ စိတ်လေသွားတယ် .. ဒါနဲ့ ရေးချင်တာ လျှောက်ရေးလိုက်တယ် .. :D

ဗညားရေ ခဏတော့ စောင့်လိုက်ဦးဟေ့ .. :P


18 ဦးရဲ့ အသံ:

တောင်ပေါ်သား said...

တခါတလေတော့ တချို့ဘ၀တွေမှာ ဒီလိုညီမျှခြင်းတွေ ရဖို့က ခက်ခဲတတ်ပါတယ်။ ဒါပေမဲ့ အမြဲတမ်းတော့ မဟုတ်ဘူးမလား တချိန်ချိန်ပေါ့ မျှတတဲ့ ညီမျှခြင်းတွေကြားထဲမှာ ရောက်နေပါစေ


လေးစားလျက်
တောင်ပေါ်သား

kiki said...

အို့  အိုးးးးး
စူပါဝူးမင်း က ဒီရောက်နေတာကိုး...
အတိတ်ကို ပြောင်းပြန်ရစ် ...ကမ္ဘာကြီးကို နောက်ပြန်လှည့်ပစ်လိုက်တာ .. မြန်ချက် ..
ဘလက် အင် ဝှိုက် ဓါတ်ရှင်ခေတ်တောင် ပြန်ရောက် ရပါပကော.....
ဒီ အီကွေးရှင်း လည်း မဆိုးဘူး ဟ...
ပေါင်းရခက်ရင် နှုတ်ပြီးတော့သာ စား ပလိုက်တော့
မိုးခါးရေ ....ဟေးဟေးဟေး ..
မိုင်းနပ်စ် တော့ မပြစေနဲ့ နော် ... ဟိဟိ

တလနွန် said...

ညီမျှခြင်းချဖို့  မရတဲ့တစ်ချို့ နေရာမှာတော့ ပေါင်းအနုတ်အမြောက်အစားတွေနဲ့  ဘဝက ရှုပ်နေအုံးမှာပဲ :) သဘောပေါက်သလို ကော်မန့် ပေးလိုက်တာနော်။ :))

အမရာ said...

ညီမျှခြင်းကဗျာလေးက
လှလှပပပလေးနော်...

ညီညီ said...

ညီမျှခြင်းအတွက်တောင်အဲလောက်ခက်ခဲနေရင် အဖြေအတွက်ဆို. ပိုဆိုးမယ်ထင်တယ်နော်. ကဗျာလေးလှတယ်.

rose of sharon said...

ညီမျှခြင်းချဖို့ တကယ်ကို ခက်တာပါ.... အခုခေတ်အချိန်ခါမှာပေါ့

ဖိုးစိန် said...

သုံည ရပါစေ.. ညီမျှခြင်းချလို့ရရင်ကျေနပ်တယ်...


ချစ်ခင်စွာဖြင့်

အကိုမျောက်

မေသူ said...

အဟမ်းးးးးး တို့ များတော့ ချာသင် အရမ်းတော်တာ.. . :P

မညီအောင်များ အလေးခိုးထားတာလာဟင်...းဝ))

ဗညားရှိန် said...

အတိတ်ကို ပြန်လည်တူးဆွဖို့
ရုပ်ရှင်တကား
နောက်ပြန်ရစ်သလောက်တောင် မခက်ဘူး
ဒဏ်ရာ နက်နက် တခုသာလိုတာ

ကောင်းလိုက်တာ ကဗျာလေးက ဘယ်တုန်းကကဗျာရေးတတ်သွား တာလဲ ကြည့်ရတာ အချစ်ကသင်ပေးလိုက်ပြီးထင်တယ် ဟုတ်စ သူငယ်ချင်း ...........

အင်းပါ အကြွေးဆိုတာက ငါတို့တွေကြားထဲမှာ ထားနေကြပဲ ဟဟ ရေးပေးမယ်ဆိုပြီးတာပဲ

TnT said...

Don't try to equate the different things lay...

Writing nyi hmya chin is difficult though, you can do it in another way look...

အီးကွဲ


Have a nice days and nights!

မောင် said...
This comment has been removed by a blog administrator.
Mogok Thar said...

Very Nice poem, sis

I love it

ပြည့်စုံ said...

အင်း...

ဟုတ်ပါ့

ညီမျှခြင်းတွေ ပျောက်နေတာ ကြာပေါ့....

ပျော်ရွှင်ပါစေဗျာ...

မိုးစက်အိမ် said...

ပေါက်ပေါက်ရှာရှာစာလုံးတွေ လျောက်ပေါင်းမနေနဲ့ နော် . . . :D

ငချမ်းကောင် said...

ဒဏ်ရာ နက်နက် ဆိုတာ ဒဏ်ရာ မဲမဲ လို့ဆိုချင်တာလား။ စတာနော်။ စိတ်ဆိုးရဘူး။ ကဗျာလေးက အရမ်းလှတယ်။

Phyo Maw said...

တချို့အတိတ်တွေက ကြည်နူးရတယ်
တွေးမိရင် ပြုံးမိတယ်

ဒီရက်ပိုင်းတော့ တချို့အတိတ်တွေက ဒေါ်သထွက်စေတယ်
တွေးမိရင် မျက်စိမှိတ် မေ့ပစ်လိုက်ချင်တယ်

အတိတ်တွေ အပေးကောင်းတဲ့ ဘိုးတော်တွေလေ
၂ လုံး ၃ လုံး တို့များ ကုန်ခဲ့တာ မနည်းပေါ့

ညရဲ့ကောင်းကင် said...

ကဗျာတော်တော်ကောင်းတယ်...
ညီမျှခြင်းတလုံးနဲ့ အားလုံးကိုပတ်မွှေသွားတာပဲ...
ခင်မင်လျက်...

Angel Shaper said...

စာလုံးပေါင်းရခက်တဲ့ ညီမျှခြင်းကိုလာဖတ်တယ်။
တော်တော်ကောင်းတယ် သိလား။

Related Posts Plugin for WordPress, Blogger...