Wednesday, October 19, 2011

မေတ္တာပို့


ခု ရှယ်ထားတဲ့ မင်းကွန်းဆရာတော်ဘုရားကြီးရဲ့ အရပ် (၁၀)မျက်နှာ မေတ္တာပို့လေးကို တင်ချင်နေတာ ကြာပါပြီ .. အွန်လိုင်းမှာ လိုက်ရှာတော့လည်း မတွေ့ အဆင်မပြေတာနဲ့ မဖြစ်ဖြစ်အောင် အပ်လုတ် လုပ်ပြီး တင်လိုက်ရတာပါ .. တခုခု အဆင်မပြေတာများရှိရင်လည်း ခွင့်လွှတ်ပေးပါ .. :D

ခု တင်ထားတဲ့ မေတ္တာပို့ကို မိုးခါး ဆိုင်အလုပ် စလုပ်တည်းက ခုချိန်ထိ စွဲစွဲမြဲမြဲ သိမ်းထားပြီး မနက်တိုင်း လိုလိုဖွင့်ဖြစ်ပါတယ် .. ဆိုင်တုန်းကတော့ ဆိုင်ကို ရောက်ပြီဆိုတာနဲ့ ကွန်ပျူတာဖွင့်ပြီး ပရိတ်ကြီး (၁၁)သုတ်၊ ဓမ္မစင်္ကြာ၊ ပဌာန်း နဲ့ နောက်ဆုံးမှာတော့ အခု မေတ္တာပို့လေးကို ဖွင့်ပြီး မနက်ပိုင်းတရား အစီအစဉ် သိမ်းတတ်ပါတယ် .. စုစုပေါင်း ၃နာရီလောက် ကြာပါတယ် .. နောက်ပိုင်းကတော့ သီချင်း ကဏ္ဍပေါ့လေ .. :D ခု ဒီမှာတော့ မနက်ထတာနောက်ကျတာရော ဘာရော ညာရောနဲ့ ပရိတ်ကြီး ၁၁ သုတ်ကတော့ မဖွင့်ဖြစ်သလောက်ပါပဲ .. ဓမ္မစင်္ကြာနဲ့ မေတ္တာပို့ကို များသောအားဖြင့် ဖွင့်ဖြစ်တတ်ပါတယ် ..

အရင်တုန်းက မေတ္တာပို့ကို နာရတိုင်း ဆရာတော်ကြီး ရှေ့မှာပြောတဲ့ ကမ္ဘာကြီး မီးဟုန်းဟုန်းတောက်နေတယ် .. ဒါပေမယ့် မြန်မာပြည်က ကပ်ကြီးတွေနဲ့ လွတ်နေတယ် ဆိုတာကို ကြားရတိုင်း ဟုတ်တယ်ပေါ့ .. မြန်မာပြည်သူပြည်သားတွေက မေတ္တာတရားတွေ ကိန်းအောင်းကြတယ် .. စိတ်ကောင်း စေတနာကောင်းတွေ ရှိကြတယ် .. ဗြဟ္မာစိုရ်တရားတွေ ကိန်းနေကြတယ် .. ဒါကြောင့် ကပ်ဆိုးတွေကနေ လွတ်နေကြတယ်လို့ စိတ်ထဲမှတ်ထင်မိပါတယ် .. တကယ်လဲ ကိုယ်တိုင် အရွယ်တော်တော် ရောက်တဲ့အထိ မှတ်မိ သလောက် မြန်မာနိုင်ငံက သူများနိုင်ငံ စူနာမီဆိုလည်း လွတ် ငလျင်ဆိုလည်း လွတ် ဖြစ်ခဲ့ပါတယ် .. ခုအခြေအနေကိုများ မင်းကွန်းဆရာတော်ကြီး မြင်တွေ့ရင် ဘယ်လိုမျိုးများ ပြောမယ် မသိပါဘူး .. ကိုယ်တိုင် ဥာဏ်မှီသလောက် စဉ်းစားမိတော့လည်း လူတွေ လူတွေ စိတ်ဓါတ်တွေ ပျက်ပြားလာတာနဲ့ အမျှ ကြီးနိုင်ငယ်ညှင်း လုပ်လာကြတာနဲ့ အမျှ ကိုယ့်ဖို့ သမားတွေ များလာတာနဲ့ အမျှ သဘာဝ ပတ်ဝန်းကျင်တွေ ပျက်စီး .. အဲလိုပျက်စီးလာတာနဲ့အမျှ ရာသီဥတုတွေက ဖောက်ပြန် .. ဘေးအန္တရာယ်အမျိုးမျိုးကလည်း ခေါင်းစဉ်အမည်နာမ အမျိုးမျိုးနဲ့ ကြုံတွေ့နေကြရတော့တာပါပဲ ..

ဟိုးအရင်ကဆို ပစ္စည်း ဥစ္စာမပြည့်မစုံပေမယ့် လူတွေက ပျော်ကြတယ် .. စိတ်ချမ်းသာစွာ နေနိုင်တယ် .. ခု ခေတ်မှီပစ္စည်းတွေ ပိုမိုပြည့်စုံလာတဲ့အခါ အရင်ထက် ပိုပြီးတော့ ပျော်သင့်ကြပါတယ် .. ဒါပေမယ့် ရုပ်ဝတ္တုတွေ တိုးတက်သလောက် စိတ်ဓါတ်တွေ ဆုတ်ယုတ်လာတယ် .. ရုပ်ဝတ္တု ပိုင်ဆိုင်မှုတွေ ပြည့်စုံလာသလောက် အစစ်အမှန်တွေ ဆုံးရှုံးလာတယ် .. အကောင်းအဆိုးတွဲနေတာ မှန်ပေမယ့် အဆိုးနည်းရင်တော့ ကောင်းမှာပဲ ..း)

ခုတော့ အနိဌာရုံတွေ မြင်တိုင်း ကိုယ်တိုင်လဲ ဘာမှ မတတ်နိုင်တဲ့အဆုံး မေတ္တာပဲ မျက်စိစုံမှိတ် ပို့လိုက်ပါတော့တယ် .. ကိုယ်တတ်နိုင်တာဆိုလို့ ဒါပဲရှိတာကိုး ..း)

အဲဒီတော့ ခုလည်းပဲ ရေဘေး မီးဘေး ငလျင်ဘေး စတဲ့ သဘာဝဘေးအန္တရာယ်အမျိုးမျိုး နဲ့ ကြုံတွေ့နေရသူ ကမ္ဘာသူ ကမ္ဘာသားတွေကို မေတ္တာပို့ပြီး မေတ္တာတရား ခေါင်းပါးနေကြတဲ့ လူအချင်းချင်း ကိုယ်ချင်းစာရမယ်ဆိုတဲ့ စိတ် ပျောက်နေသူတွေအတွက် သတိတရားလေး ပြန်ကပ်လာအောင် တိုက်တွန်းနှိုးဆော်ချင်ပါတယ် ..

မေတ္တာတရားက အေးချမ်းလှပါတယ် .. ပူလောင်နေတဲ့ ကမ္ဘာကြီးကို ကိုယ်စီ မေတ္တာတရားတွေနဲ့ လန်းဆန်း အေးမြလာစေဖို့ ၀ိုင်းဝန်းကုစားကြရအောင်ပါ ..

11 ဦးရဲ့ အသံ:

မဒမ်ကိုး said...

ကောင်းလိုက်တာ မိုးခါးရယ် .
အဲဒါလေးဘယ်လိုဒေါင်းရပါ့နော် လိုချင်လို့း(

Anonymous said...

သာဓု သာဓု သာဓု ပါ...

ဂုဏ်တွေငွေတွေပစ္စည်းတွေက စစ်မှန်တဲ့ အေးချမ်းမှူကို မပေးနိုင်ဖူး
မေတ္တာတရားကတော့အရာရာကိုပေးနိုင်ပါတယ်။


အမြတ်နိုးဆုံးအရာအဖိုးထားအရာက မေတ္တာတရားပါပဲ။


ကိုယ်ရောစိတ်ပါအေးချမ်းပြီး
သာယာချမ်းမြေ့ပါစေရှင်း
မိုး

ချော(အစိမ်းရောင်လွင်ပြင်) said...

ကျေးဇူးပါ ညီမလေး
ညီမလေးဘလောဂ့်ကို စောစောစီးစီးဖွင့်လိုက်တာ မေတ္တာပို့လေးကို အလိုလို ဖွင့်ပြီးသားဖြစ်သွားရော။
ဒါလေးဘဲ တစ်မနက်လုံး ဖွင့်ထားလိုက်မယ်နော်။

mstint said...

မေတ္တာပို့လေးအတွက် ကျေးဇူးပါ မိုးခါးရေ။
မေတ္တာဓာတ်များလွှမ်းခြုံနိုင်ပါစေနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Anonymous said...

ဟုတ်တယ်ဗျာ
အစဉ်သဖြင့် အားလုံးပေါ် မေတ္တာတရားထားသင့်ပါတယ်။ ဆရာတော့် မေတ္တာပို့လေး ဒေါင်းချင်တာ ဒေါင်းလို့လည်းရဘူးဗျာ။ :)

ခင်လျက်
ဖြူလေး (junemoe)

ညိမ်းနိုင် said...

သာဓုပါမိုခါးရေ...သာဓု...သာဓု....

ကိုဇော် said...

သာဓု သာဓု သာဓုပါဗျာ။
အကျိုးအကြောင်း ပြောထားတာလေးကိုလည်း သဘောကျပါရဲ့။

nyisaynaing said...

မင်္ဂလာပါ........မိုးခါး
ကောင်းလိုက်တဲ့မေတ္တာပို့ တရားတော်...။ နားယူသွားပါတယ်.....။ အခုလို မေတ္တာပို့တရားတော်
ပို့စ်တင်ပေးတဲ့အကျိုးကျေးဇူးကြောင့်....မိုးခါးရဲ့
..လိုရာဆန္ဒတွေပြည့်ဝပါစေ........။
ခင်တဲ့
ညီစေနိင်......

8Yar said...

သာဓု၊ သာဓု၊ သာဓု ပါခင်ဗျာ။ အစ်မမိုးခါးပြောတာတွေက အမှန်တွေပါ။ ကောင်းသောနေ့လေးဖြစ်ပါစေခင်ဗျာ။

jasmine(တောင်ကြီး) said...

ဖတ်လို့ကောင်းလိုက်တာ မိုးခါးရေ
အဲဒီလိုလေးတွေရေးတတ်တာကို
ဂုဏ်ယူပါတယ်...မဂျက်တို့ကမရေးတတ်ဘူးလေးစားတယ်မိုးခါးရေ
ချစ်တဲ့ မဂျက်

Angelhlaing(May everybody be happy and healthy! said...

ချစ်ဖို့ကောင်းတဲ့မမ...စိတ်ကိုအေးချမ်းသွားတာပဲ...

Related Posts Plugin for WordPress, Blogger...