Tuesday, November 29, 2011

စကားလုံး မဲ့

မရှိမဲ့ ရှိမဲ့ စကားလုံးတွေနဲ့
စာတွေချရေး
အတွေးတွေသာ ကျဲခဲ့တယ်
ထိုက်တန်တဲ့ စကားလုံး မတွေ့ခဲ့ဘူးပဲ ..

သားက ကားသမားကြီးဖြစ်ချင်သတဲ့
၁၁နှစ်အရွယ်ကောင်လေးက ဆိုတယ်
သူ့လက်ရှိအလုပ်က ဘဲဥပြုတ်အရောင်းသမား
ကြုံသလိုလည်း လူခေါ်ပေးတယ် ..

လုပ်ချင်တာ မလုပ်ချင်တာ ဘေးချ
လုပ်သင့်တာ မလုပ်သင့်တာ မတွေးအား
ကောင်း၏ မကောင်း၏ ဥာဏ်မမှီပေမယ့်
ခေါင်းထဲစွဲနေတာ တနေ့ ၀င်ငွေ ၃၀၀၀ ရှိရမယ် ..

သားတို့ သမီးတို့ အရွယ်
စာတွေသင်အံနေရမယ်
လောကဓံရဲ့ အထုအထောင်း
လမ်းဘေးဈေးသည်ဖြစ်ရတယ် ..

သမီး ကြီးလာရင် .. ??
အလိုလို လူကြီးဖြစ်လာလိမ့်မယ်
ရည်ရွယ်ချက် .. မျှော်လင့်ချက်
တွေးဖို့တောင် စိတ်ကူးမရခဲ့ဘူးရယ် ..

လူသားစင်စစ်ဖြစ်ပါလျှက်
အခွင့်အရေးမပြည့်ဝသည့် ဘဝ
ကလေးငယ်ကလေး ဖြစ်ပါလျှက်
ကလေးမပီသရသည့် ဘ၀ ..

လန်ခရူဆာကြီး ဖြတ်သွားတယ်
ကားပေါ်မှာ ကလေးလှလှလေး
ပါးစပ်အဟောင်းသားနဲ့ ငေးရုံကလွဲ
ဘာများ တတ်နိုင်ဦးမလဲ ..

အချိန်တွေ သိပ်ဆွဲလို့တော့ မဖြစ်
ဒီကနေ့ လစ်မစ်မပြည့်ရင်
ကြိမ်လုံးနဲ့ တင်ပါး နှစ်ပါးသွားရလိမ့်မယ် ..

ဝဲတက်လာတဲ့ မျက်ရည်ကို သုတ်
ငိုချင်တဲ့ စိတ်ကို မြိုချလို့
ခြေထောက်မဲမဲလေးနဲ့ ခပ်သုတ်သုတ်လှမ်း
ဈေးဝယ်တွေ လွတ်ကုန်မှ ခက်မယ် ..

http://amaythar1976.blogspot.com/2011/11/blog-post_29.html?spref=fb
မှတ်ချက် - အပေါ်က လင့်က စာကို ဖတ်ပြီး ဘာစကားလုံးနဲ့မှ နှိုင်းစာမရအောင် ခံစားရပါတယ် .. ကျမတို့ ဘာတွေ တတ်နိုင်ပါမလဲ .. ဘယ်သူ့မှာ တာဝန်ရှိနေတာလဲ .. သူသူ ငါငါ လက်ညှိုးထိုး တရားခံရှာနေမယ့် အစား တခုခု .. တခုခုလောက် နိုင်သလောက်လေး ကူညီပေးကြရအောင်ပါ .. ဘ၀အကျိုးပေး နည်းကြရှာတယ် .. ကျမတို့ ဘာများ တတ်နိုင်ပါမလဲ .. ????????????????????????

Thursday, November 24, 2011

ထပ်တူမဖြစ်နိုင်သော ကိုယ်ချင်းစာခြင်း

စိတ်မကောင်းပါဘူးရှင် ...။

ပြောလို့ကတော့ လွယ်လိုက်တာ
ခံလိုက်ရသူတွေမှာသာ
ဘ၀တွေဆုံး
မျှော်လင့်ချက်တွေဆုံး
ဘ၀ရဲ့ အလင်းရောင်တွေပျောက်ဆုံး
အရာရာ ဆုံးရှုံး ...။

မှောင်ပါတယ်ဆိုမှ
မမြင်ရဘူးလုပ်နေတယ်
ဒါဟာအမှောင်ကွဲ့
မလင်းနိုင်တဲ့ အမှောင်တွေ
လင်းမလားမျှော်လင့်ချက်တော့ လွှတ်မချလိုက်နဲ့
အမှောင်ထဲ စုံးစုံးမြုပ်လိမ့်မယ် ...။

နိုင်သလောက်တော့ တွယ်ဖက်ထားပါရစေ
အရာရာပျောက်ဆုံး
ပိုင်ဆိုင်တာတွေ ဆုံးရှုံးရင်တောင်
အသက်တခါ ၀၀ရှုခွင့်အတွက်
လက်မောင်းတွေပြုတ်ထွက်ပါစေ
မှီရာကို ဆုတ်ဆွဲထားဦးမယ် ...။

ဟုတ်ကဲ့
ကျမ လွန်စွာမှ စိတ်မကောင်းဖြစ်ရပါတယ်
ကိုယ်ချင်းစာမိပါတယ်
ထပ်တူထပ်မျှ ကြေကွဲရတယ် ...။

မလုံလောက်မှန်းသိရဲ့ စကားတွေပြော
ဒဏ်ရာဟောင်းတွေသာ အသစ်ဖြစ်တော့တယ် ...။

Monday, November 14, 2011

ဆုတ်ယုတ်ခြင်း အကြောင်းတရား

၁။ တရားနာယူလိုစိတ် မရှိခြင်း
၂။ နားစိုက်မထောင်ခြင်း
၃။ အနက်သဘောကို သိမြင်လိုစိတ် မရှိခြင်း
၎။ တိုးတက်ကြီးပွားကြောင်း ကောင်းသော အနက်သဘောကို စွန့်ထားခြင်း
၅။ ဆုတ်ယုတ်ပျက်ပြားတဲ့ အနက်သဘောကို ယူခြင်း
၆။ သာသနာနဲ့ မလျော်ကန်တဲ့ အပြုအမူကို ပြုမူခြင်း/ အဆုံးအမကို မနာခံခြင်း

၁။ တရားနာယူလိုစိတ် မရှိခြင်း
ကျမတို့ရဲ့ စိတ်ဓါတ်တွေကို ပြုပြင်ဖို့ ပြင်ဆင်ဖို့အတွက် တရားတော်တွေကို နာယူရပါတယ် .. အဆုံးအမတွေဟာ ဘ၀အတွက် အကျိုးကျေးဇူးများလှပါတယ် .. ဒါကြောင့် တရားနာယူလိုစိတ်မရှိသူဟာ စိတ်ဓါတ်နဲ့ လုပ်ရပ်တွေ ဆုတ်ယုတ်စေဖို့ များသောအားဖြင့် ဦးတည်နေတတ်ပါတယ် ..။

၂။ နားစိုက်မထောင်ခြင်း
ကျမတို့ တရားတွေ နာကြပါတယ် .. တရားတွေဖွင့်ထားပြီး လူနဲ့ စိတ်ဟာ တခြားနေရာသို့ လွင့်ပါးနေတတ်ပါတယ် .. တရားနာတယ်ဆိုတဲ့ နာမည်သာ ရှိပြီး အာရုံမရှိ နားစိုက်မထောင်တဲ့အတွက် အကျိုးတရား နည်းပါးလှပါတယ် ..။

၃။ အနက်သဘောကို သိမြင်လိုစိတ် မရှိခြင်း
တရားနာပြီဆိုမှတော့ ဆိုလိုရင်း အနက်သဘောကို သိသာမြင်သာဖို့ ကြိုးစားသင့်ပါတယ် .. အနက်သဘောကိုသိဖို့အတွက် စဉ်းစားတွေးတောကြံစည်ချိန်ဆရပါမယ် .. ဒီတော့မှသာ အမှားဆိုလည်း ဘာကြောင့်မှားတယ် .. အမှန်ဆိုလည်း ဘာကြောင့်မှန်တယ်ဆိုတာ သိမြင်လာပြီး ပြုပြင်သင့်တာတွေ ပြုပြင်နိုင်လာပါမယ် .. အနက်သဘောမသိသူဟာ သူများပါးစပ်မှာ လမ်းဆုံးရတတ်ပါတယ် ..။

၎။ တိုးတက်ကြီးပွားကြောင်း ကောင်းသော အနက်သဘောကို စွန့်ထားခြင်း/ မကောင်းသော အနက်သဘောကို ယူခြင်း
ကျမစိတ်က တခါတလေ တော်တော် မကောင်းမြင်တတ်ပါတယ် .. မကောင်းမြင်တဲ့အတွက် သူ့ဘက် ကိုယ့်ဘက် အကျိုးယုတ်စေပြန်ပါတယ် .. စကားပဲဖြစ်ဖြစ် ဆုံးမမှုတခုပဲဖြစ်ဖြစ် ဝေဖန်ကဲ့ရဲ့တာပဲဖြစ်ဖြစ် တဖက်က ဘယ်လိုစိတ်ထားမျိုးနဲ့ ပြောသည်ဖြစ်စေ ကိုယ့်ဘက်ကသာ အကောင်းဖက်က မြင်ပြီး လုပ်သင့်တာ လုပ်နိုင်တာကို လုပ်မယ်ဆို ဒါဟာ တိုးတက်ကြီးပွားခြင်း အကြောင်းပဲ ဖြစ်လာပါလိမ့်မယ် ..။

၅။ ဆုတ်ယုတ်ပျက်ပြားတဲ့ အနက်သဘောကို ယူခြင်း
စကားတိုင်းအပေါ် အပျက်သဘောချည်းသာ မြင်နေမယ်ဆို အကျိုးတရားအနေနဲ့လည်း ဆုတ်ယုတ်ပျက်ပြားခြင်းကိုသာ ဦးတည်နေပါလိမ့်မယ် .. တဖက်သားက မကောင်းစိတ်နဲ့ပဲ ကိုယ့်ကို နှိမ်ချ ပြောဆိုလိုက်ပါစေဦး သူ့ဘက်က အမြင် အတွေးနဲ့ လုပ်ရပ်ဟာ သူ့ရဲ့ အကြောင်းပါ .. ကိုယ့်ဘက်က တတ်နိုင်တာ ပြုပြင်သင့်တာဆို ပြုပြင်လိုက်ဖို့ပါပဲ .. ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်ဖို့ ကျမကြိုးစားရပါဦးမယ် ..။

၆။ သာသနာနဲ့ မလျော်ကန်တဲ့ အပြုအမူကို ပြုမူခြင်း/ အဆုံးအမကို မနာခံခြင်း
အဆုံးအမဆိုတာ လိုက်နာဖို့ နည်းလမ်းပါ .. ဒီလမ်းဆို ဘယ်ကိုရောက်မယ် .. ဒီဖက်လမ်းဆို ဘယ်ကိုရောက်မယ်ဆိုတာ လမ်းပေါက်ပြီးသားပါ .. ကျမတို့ ရွေးချယ်ရပါမယ် .. မှန်ကန်အောင် ရွေးချယ်ရပါမယ် .. ကိုယ့်အတွက်ကိုယ် ကြံစည်ကြိုးစားရပါမယ် .. ငယ်ငယ်က အမှားလုပ်တဲ့အခါ မိဘက စကားနဲ့ဖြစ်စေ ဒဏ်နဲ့ဖြစ်စေ ဆုံးမလေ့ ရှိပါတယ် .. ဒါပေမယ့် မြတ်စွာဘုရားရဲ့ အဆုံးအမကို မနာခံပဲ အမှားလုပ်တဲ့အခါ ဒဏ်ပေးမယ့်လူ မရှိပါဘူး .. ကိုယ့်လုပ်တဲ့ ကောင်းမှုဆိုးမှုကို လိုက်ပြီး ကောင်းကျိုးဆိုးကျိုးကို ကိုယ်တိုင်သာ ခံစား စံစားရပါမယ် .. ဒါကြောင့်မို့ ကိုယ့်ရဲ့ ရွေးချယ်မှုပါပဲ ..။

ဒီနေ့ ဆရာတော် ဥူးသုမင်္ဂလ ရဲ့ ဂျပန်မှာဟောတဲ့ တရားကို နာဖြစ်လိုက်ပါတယ် .. မနာရသေးသူတွေအတွက် ကိုယ်နားလည်သလို အတိုချုပ်ရေးပြီး ပြန်လည်မျှဝေတာပါ .. အစအဆုံးနာချင်ရင်တော့ အောက်ကလင့်ကနေ နာလို့ရပါတယ် ..း)
http://www.dhammaflavour.net/2011/09/blog-post_5032.html

Sunday, November 13, 2011

အလောင်းတော် ကဿပ

ကိုယ်တိုင်သွားခဲ့တဲ့ ခရီးစဉ်တော့ မဟုတ်ပါဘူး .. ဒါပေမယ့် အိမ်က လူကြီးတွေ သွားတော့ ပို့ပေးခဲ့တဲ့ ပုံလေးတွေနဲ့ မျက်နှာလုပ်တာပါ .. :D

ခရီးထွက်တာကို အရမ်းကြိုက်တဲ့ ကျမအနေနဲ့ ပုံတွေသာကြည့်ပြီး သရေယိုရတာ အားမရလို့ ကိုယ်နဲ့ ဘ၀တူတွေကိုပါ သရေယိုစေလိုက်တာပါ .. စာရေးဖို့ ကြိုးစားပေမယ့် ပို့စ်တွေ လက်စမသတ်ပဲ အာရုံတွေ များပြီး ပျက်ကွက်နေတာကို အနည်းငယ်များ ကာဗာဖြစ်မလားလို့ပါ .. :D ပုံတွေ ကြည့်လိုက်ပါဦးနော် .. မိုးခါးတော့ မရောက်ဘူးသေးဘူး .. ခရီးထွက်ချင်တယ် ...... (အကျယ်ကြီး အော်ပါတယ် .. :P)






























အလောင်းတော် ကဿပကို ဖေကြီးမေကြီးတို့ ကျန်ခဲ့တဲ့ ဧပရယ်လ သင်္ကြန်တုန်းက သွားခဲ့တာပါ .. ၃သိန်းလောက် ကုန်တယ်သိရပါတယ် .. အပေါ်က ပုံတွေကတော့ ခရီးတလျှောက်က ပုံတွေပါ .. လူကြီးတွေ ပြောအရ မေမြို့ကိုလည်း ရောက်တယ်တဲ့ .. ဆင်တွေ စီးရတဲ့ တောလမ်းခရီးမှာ ဆင်စီးခဲ့လား မေးတော့ ဆင်စီးချင်ရင် တော်တော်ကြာကြာစောင့်ရမှာမို့ မစီးခဲ့ဘူးပြောပါတယ် .. (ဆင်လည်းစီးချင်တယ် .. ငယ်ငယ်တုန်းက တိရစ္ဆာန်ရုံမှာ ၁ခါပဲ စီးဖူးတယ် ..)

မိုးခါးတို့က ခရီးဆိုရင် ဖုန်ပဲ ထူထူ တောပဲ ထူထူ ဘယ်ကိုဖြစ်ဖြစ် ခရီးတိုတို ရှည်ရှည် သွားချင်နေတာပါပဲ .. ခုလည်းပဲ မြန်မာနိုင်ငံက ဒေသတွေကို သတိရရင်း ဆားလည်း ချက်ရင်း .. ရင်းး .. ရင်းး ..း))

စိတ်ချမ်းမြေ့ ပျော်ရွှင်ကြပါစေရှင် ..
Related Posts Plugin for WordPress, Blogger...