Tuesday, February 28, 2012

ကဗျာ

ဆံစမှစ
စိမ့်စိမ့်ကြည့်ကာ
ချစ်နေတော့လည်း ကဗျာ

လွမ်းလွမ်းဆွေးဆွေး
နွေတေးသီရာ
ဥသြကလည်း ကဗျာ

ညို့ညို့မှိုင်းမှိုင်း
မိုးသားသွားရာ
တိမ်ဆန်တာလည်း ကဗျာ

ငိုကြွေးမြည်တမ်း
စိတ်စွဲလန်းကာ
အိပ်မက်ရာလည်း ကဗျာ

ပြုံးပျော်ရွှင်လန်း
ဘ၀င်ပန်းတို့
ပွင့်လန်းရာလည်း ကဗျာ

အသိဥာဏ်လင်း
မျှော်လင့်ခြင်းတို့
ပေးစွမ်းရာလည်း ကဗျာ


14 ဦးရဲ့ အသံ:

လွင်ပြင်လှိုင်းငယ် said...

ကဗျာလေးက အရမ်းကောင်းတာပဲ

မိုးယံ said...

တိတ်တိတ်ဖတ်လို့ တိုးတိုးပြန်သွားတယ်
အဲဒါလည်းကဗျာ

♫♪★လွမ်းပိုင်ရှင်★♪♫: said...

ကဗျာကောင်းလေးအားပေးဖတ်ရှုခဲ့ပါတယ်ဗျာ...။
ခင်မင်လေးစားစွာဖြင့် (လွမ်း)
www.lwanpaishin.blogspot.com

မဒမ်ကိုး said...

ကဗျာဆရာချစ်သောသူလဲ ကဗျာ .....

ဒါလဲကဗျာ


ချစ်တဲ့

ဒိုးကန်

ကြယ်ပြာ said...

နူးနူး ညံ့ညံ့
ရင်ထဲစိမ့်ဝင်
ကြည်နူးတာလဲ ကဗျာ ....

ကဗျာလေးက ချစ်စရာလေး မိုးခါးရေ ....

8Yar said...

ကဗျာလေးကောင်းတယ် အစ်မရေ။ ကောင်းသောနေ့လေးဖြစ်ပါစေခင်ဗျာ။

နေ၀သန် said...

အဲဒီကဗျာတွေကိုပဲ ကျုပ်တို့က မရေးတတ်ပေါင်ဗျာ.. ခုလို ရေးတတ်တဲ့လူတွေရေးတာကိုပဲ လိုက်ဖတ်မိတယ်..း))

ခင်မင်လျက်
နေ၀သန်

မိုးငွေ့...... said...

ကဗျာရဲ့ ကဗျာကို လာခံစားသွားပါတယ်....။

jasmine(တောင်ကြီး) said...

rမိုးရဲ့ ကဗျာကမိုးလိုပဲချစ်စရာကောင်းတယ်
ကဗျာတွေအားလုံးကိုချစ်တတ်သူ

Anonymous said...

:)

ရင်မှသက်ဆင်း
တွယ်ငင်ရစ်သည့်
သံယောဇဉ်သည်လည်း ကဗျာ . . .

ကေတီ

Myat Pan Nwe (မြတ်ပန်းနွယ်) said...

ကဗျာကောင်းလေးကို ခံစား နှစ်သက်သွားတယ်

ခင်တဲ့
မြတ်

ချော(အစိမ်းရောင်လွင်ပြင်) said...

ချစ်တော့လည်း အရာရာကို ကဗျာလေးလို နူးညံ့ခံစားချင်တယ်။။

Angelhlaing(May everybody be happy and healthy! said...

လှလိုက်တဲ့ ... ကဗျာ... အချစ်ကြောင့် ထင်တယ်မမ :):)

မိစံ said...

ကဗျာကို..ကဗျာလို့ခံစားတတ်တာလည်း
ကဗျာ...း))


ချစ်ခင်လျှက်

Related Posts Plugin for WordPress, Blogger...